Huawei C8800 ကို Version 2.x.x ကနေ 2.3.6 ကို မြှင့်ကြရအောင်...


Unknown | 3:50 PM |


ကျွန်တော် C8800 ကိုင်တဲ့သူတွေအတွက် မိမိဖုန်းရဲ့ Android Version ကို မြှင့်ဖို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း C8800 ကိုင်တာပါ။ အားလုံးကို ကျွန်တော် သိတာလေး ပြန်မျှဝေပေးလိုက်ပါတယ်။ တော်တော်လေးလည်း လန်းသွားလို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ အောက်မှာ ကြည့်လိုက်ပါ။ လန်းလွန်းလို့ မျက်လုံးတောင်မနည်းဖွင့်ရတယ်။ : D 
မှတ်ချက် ။      ။  အောက်က အဆင့်များကိုသေသေချာချာဖတ်ပြီးလုပ်သွားပါ။ ကျော်လည်းမဖတ်ပါနှင့်။



အပေါ်မှာ တွေ့တဲ့အတိုင်းပါပဲ။ လုပ်ချင်ရင်တော့ လုပ်ငန်းစကြရအောင် ... :)
  1. အရင်ဆုံး အောက်က ဖိုင်နှစ်ခုကို Download ဆွဲလိုက်ပါ။ 
  2. C8800 ROM 2.3.6    - HERE
  3. Recovery For C8800 - HERE
  4. ဆွဲပြီးပြီဆိုရင်တော့ မိမိဖုန်းမှာ လိုအပ်တဲ့ App တွေ Message တွေ Contact တွေကို Backup လုပ်ထားပါ။ပြီးရင်တော့ Desktop ပေါ်မှာဖြစ်စေ၊ Laptop ပေါ်မှာဖြစ်စေ သိမ်းထားပါ။
  5. အားလုံး ပြီးပြီဆိုရင်တော့ မိမိဖုန်းရဲ့ SD Card ကို Format ချပေးပါ။ ပြီးရင် ခုနက Download ဆွဲထားတဲ့ ပထမဆုံး ဖိုင်ကို SD Card ထဲထည့်ပေးပါ။ ( မှတ်ချက် ။   ။ Zip ဖိုင်အတိုင်းထည့်ပါ။ ) ထည့်ပြီးလျှင် ထို Zip ဖိုင်ကို update.zip လို့ပြန်ပြောင်းပေးပါ။
  6. ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ 
  7. Volume Down + Power ကို ကြာကြာဖိထားပါ။ Huawei Logo မှာ ရပ်နေပါလိမ့်မယ်။  ဒါဆို First Mode ၀င်ပါပြီ။
  8. ဒါဆို ခုနက Download ချထားတဲ့ ဒုတိယဖိုင် ကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အစိမ်းရောင် background နဲ့ တရုတ်စာတွေ ရှိနေပါလိမ့်မယ်။
  9. ပြီးလျှင် မိမိဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
  10. ချိတ်ပြီးလျှင် ခုနက တရုတ်စာတွေရှိနေတဲ့ နေရာမှာ Enter ခေါက်လိုက်ပါ။ Enter ၃၊၄ ချက်လောက်ခေါက် သွားပါ။ ပြီးလျှင် အစိမ်းရောင်နေရာမှာ Rebooting ဆိုတာ ပေါ်လာပါမယ်။ ဒါဆို ဖုန်းကသူ့ကသူ Auto Reboot လုပ်သွားပါမယ်။ မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ထားတာ ဖြုတ်လိုက်ပါ။
  11. Recovery Mode ကို ၀င်ဖို့အတွက် Power+ Volume Up ကို တစ်ပြိုင်တည်း ဖိထားပါ။
  12. ဒါဆို Recovery Mode တက်လာပါမည်။ update ပါတဲ့ဟာ ကိုရွေးပေးပါ။
  13. ထို့နောက် ထပ်ပေါ်လာတဲ့ update ပါတဲ့ဟာကို ထပ်ရွှေးပေးပါ။
  14. သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးလျှင် Recovery Mode ပြန်တက်လာပါမယ်။ ပြန်တက်လာရင် အပေါ်ဆုံးက ဟာကိုရွေးပေးလိုက်ပါ။  Reboot ပြန်ကျသွားပါမယ်။
  15. ပြန်တက်လာတဲ့အချိန်မှာ မိမိဖုန်းဟာ  Huawei Logo မှာ ရပ်လိုက် ပြန်ကျလိုက် ဖြစ်နေပါမည်။ ခဏစောင့်လိုက်ပါ။ နည်းနည်းတော့ ကြာပါတယ်။ ကျွန်တော်တော့ 30 မိနစ်ကျော်ကျော်လောက် စောင့်လိုက်ရပါတယ်။
  16. ရပြီဆို သူရွေးခိုင်းပါမယ်။ ညာဘက်က ဟာကိုပဲ ရွေးပေးပါ။  ဒါဆိုရင် မိမိဖုန်းဟာ 2.3.6 သို့မြှင့်ပြီးပြီဖြစ်ပါတယ်။ 
  17. ဟုတ်မဟုတ်ကို Setting > About Phone ကိုဝင်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။


မိမိဖုန်းဟာ ROOT လုပ်ဖို့မလိုတော့ပါ။ ROOT ပါလုပ်ပြီးသားဖြစ်သွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ။ ကျန်တဲ့အပိုင်းကိုတော့ ကိုယ့်ကကို ကလိကြပေါ့။ : ) ဟီးးးး စတာပါ။ မရှင်းတာ ရှိရင် helperaunglay@gmail.com ကို ADD ပြီးမေးနိုင်ပါတယ်။


အခက်အခဲများရှိပါကလည်း androidpalacegroup@gmail.com ကို Mail ပို့နိုင်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ခင်မင်လေးစားစွာဖြင့်====
      ==========အောင်ခိုင်မိုး=============
ADMIN OF ANDROID PALACE